“မပြောင်းလဲသော ဝသီ”(စ/ဆုံး) ——————————– ကျွန်မတို့လမ်းထဲရှိ ကုန်စိမ်းဆိုင်တစ်ဆိုင်က အမျိုးသမီးတစ်ဦးသည် ယခင်ကကုန်စိမ်းမရောင်းခင်က ရာသီစာ သစ်သီးဝလံများကိုသာရောင်းသောသူဖြစ်သည်။ သူမသည် သီရိမင်္ဂလာစျေးသို့ ဖရဲသီး နာနတ်သီးနှင့် အခြားသော သင်္ဘော သရက် မာလကာ ဆီးသီး စပျစ်စသည်တို့ကို သေတ္တာလိုက်ခြင်းလိုက်သွားယူကာရောင်းချသောသူဖြစ်သည်။ […]
Momedia
ခုတင်အမှတ် (၂၅)
“ခုတင်အမှတ် (၂၅)”(စ/ဆုံး) ————————– ကျွန်တော်ငယ်ငယ်ကတဲကဆေးရုံဆိုရင်အရမ်းကြောက်မိတယ်မိ္တ္ထီလာမြို့ပေါက်ချောင်းရပ်ကွက်လေးမှာနေထိုင်စဥ်ကဌာနရဲ့စီမံချက်တာဝန်တွေထမ်းဆောင်ပြီးအပြန်မှာအဖေကျန်းမာရေးဖောက်လာလို့အဖေ့ကိုအိမ်ပြန်မရောက်မှီဆေးရုံတင်လိုက်ရတယ်။ ထိုနေ့ပေါက်ချောင်းကျောင်းလေးမှညနေပိုင်းကျောင်းဆင်းပြီးအိမ်ကိုစိတ်ကူးတွေနဲ့ပြန်လာခဲ့ပါတယ်။စိတ်ထဲမှာလဲအလွန်ပျော်ရွှင်နေပြီးအဖေခရီးကပြန်လာရင်ကျွန်တော့်အတွက်ကစားစရာနဲ့မုန့်တွေပါလာမှာဘဲလို့အတွေးထဲမှာပျော်နေပြီးအိမ်ပြန်နေတဲ့ကျွန်တော့်ရဲ့ခြေလှမ်းတွေဟာပေါ့ပါးလို့နေပါတယ်။ လမ်းထိပ်ကိုရောက်တော့ကျွန်တော်တို့အိမ်ရှေ့မှာလူတွေအတော်များများရုတ်ရုတ်သဲသဲဖြစ်နေပါတယ်။အိမ်ရှေ့ကိုရောက်တော့ခပ်လှမ်းလှမ်းဘက်ဆီမှမြင်းလှည်းတစ်စီးဆေးရုံဘက်ကိုမောင်းသွားနေတာကိုမြင်လိုက်ရပါတယ်။ မြင်းလှည်းပေါ်မှာအမေ့ရဲ့ကိုယ်ပေါ်ကိုမှီထားတဲ့အဖေ့ရဲ့ပုံရိပ်ခပ်ဝါးဝါးလေးကိုမြင်နေရပါတယ်၊သိပ်ပြီးတော့မသေချာသေးလို့အဖေနဲ့အမေ၊မဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိပါတယ်။ အိမ်ရှေ့ကိုရောက်တော့အိမ်နီးနားချင်းတွေရဲ့ပြောစကားအရအဖေကိုဆေးရုံတင်ဖို့မြင်းလှည်းနဲ့ခေါ်သွားတာဖြစ်ကြောင်းသိရှိရပြီးကျွန်တော်ဆုတောင်းတွေမပြည့်ခဲ့ရတော့ပါ။ ထိုညအစ်မအကြီးဆုံးနဲ့ကျွန်တော်တို့မောင်နှမတစ်တွေအိပ်ကြရပါတယ်။အစ်မအကြီးဆုံးသည်ပင်လျှင် (၈)တန်းအရွယ်သာရှိသေးပြီးအစ်မလတ်က (၄)တန်း၊ကျွန်တော်ကသူငယ်တန်း၊ညီအငယ်ဆုံးလေးမှာလေးနှစ်သားအရွယ်ပင်ရှိပါသေးတယ်။ အမေကိုယ်တိုင်ကလဲအခြားသောဆွေမျိုးရင်းခြာတွေမရှိလို့အဖေ့ကိုဆေးရုံစောင့်နေရလို့ကျွန်တော်တို့မောင်နှမတစ်တွေအိမ်မှရှိတာလေးနဲ့ချက်ပြုတ်စားပြီးနေကြရပါတယ်။နေ့စဥ်နေ့တိုင်းအဖေနဲ့အမေ့ကိုလွမ်းလို့ညတိုင်းလိုလိုမကြာခဏလန့်နိူးတတ်ပါတယ်။ အဖေဆေးရုံတက်ပြီး (၅)ရက်ခန့်အကြာညနေပိုင်းကျောင်းပြန်ချိန်မှာဆေးရုံစောင့်တဲ့အမေအိမ်ကိုခဏပြန်လာတဲ့အချိန်နဲ့ကြုံကြိုက်နေလို့အမေ့ကိုတင်းကြပ်စွာဖက်ထား ပပြီးမျက်ရည်များကျဆင်းလို့နေပါတယ်။အမေကလဲကျွန်တော့်ကိုတင်းကြပ်စွာဖက်ထားရင်းပြောစရာစကားလုံးတွေကင်းမဲ့နေဟန်တူပါတယ်။ ထို့နေ့ညပိုင်းအမေနဲ့အတူဆေးရုံကိုလိုက်သွားခဲ့ပါတယ်အဖေတို့ဆေးရုံတက်နေတဲ့အခန်းမှာလူနာပေါင်း (၂၅)ယောက်ခန့်ရှိပြီးဆေးရုံမျက်နှာကျက်ရဲ့မှုန်ဝါးဝါးမီးရောက်အောက်မှာဖျော့တော့စွာအသာမှိန်းရင်းငြိမ်သက်နေကြပါတယ်သူတို့ရဲ့ခုတင်အသီးသီးရဲ့နံဘေးမှာလဲညိုးငယ်တဲ့မျက်နှာတွေနဲ့လူနာစောင့်တွေငြိမ်သက်လို့နေပါတယ်။ ကျွန်တော်လဲအဖေ့ရဲ့ခုတင်အနီးသို့အသာလေးတိုးကပ်သွားတဲ့အခါသိုးမွှေးစွယ်တာလေးဝတ်ထားပြီးမျက်လုံးလေးအသာဖွင့်ထားတဲ့အဖေကပြုံးပြရင်းကျွန်တော့်လက်ချောင်းလေးတွေကိုဖမ်းဆုပ်လိုက်ပါတယ်။အဖေ့လက်တွေမသိမသာတုန်ရီနေမှန်းကျွန်တော့်လက်ရဲ့ခံစားမှု့ကနေတစ်ဆင့်သိရှိရပါတယ်။ခဏအကြာမှာတော့အဖေ့ခေါင်းအုံးလေးကိုလှန်ပြီးခေါင်းအုံးအောက်ကငါးမူးစေ့လေးတစ်စေ့ကျွန်တော်ကိုပေးရှာပါတယ်။ကျွန်တော်လဲအဖေပေးတဲ့ငါးမူးစေ့လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းအဖေ့ကိုကြည့်ခါဝမ်းနည်းနေမိပါတယ်။ ထိုနေ့ညအိမ်ကိုပြန်ရောက်တော့ကျွန်တော်ညနက်ပိုင်းအချိန်အထိအိပ်မပျော်နိူင်ခဲ့ပါ။ဆေးရုံပေါ်ကအဖေ့ရဲ့မျက်နှာ၊စိတ်ပူစွာပြုစုပေးနေတဲ့အမေ့မျက်နှာတွေအသီးသီးပေါ်လာခဲ့ပြီးမနက်အစောပိုင်းမှသာအိပ်ပျော်သွားခဲ့ပါတယ်။ အဖေဆေးရုံကဆင်းအပြီး […]
လူ့သက်တမ်း
လူ့သက်တမ်း(စ/ဆုံး) —————- ဘုရားသခင်က သတ္တဝါတွေကို ဖန်ဆင်းခြင်း ပထမနေ့မှာပင် ခွေးကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်က ခွေးအား “သင့်အား ခွေးဟုခေါ်စေ။ တံခါးဝမှာ တစ်နေကုန်ထိုင်ကာ သင့်ရှေ့က ဖြတ်သွားသူမှန်သမျှကို ဟောင်စေ။ ထိုအလုပ်ကို လုပ်ရန်အတွက် သင့်ကို […]
ဆည်းဆာအပြုံး
ဆည်းဆာအပြုံး(စ/ဆုံး) —————– အခန်းချင်းကပ်ရက်က မိအေးပို ပြန်အလာကို ကျွန်မ မျှော်နေမိတာပါ။ ညနေခြောက်နာရီခွဲနေပြီမို့ မိအေးပို ပြန်လာခါနီးပြီ။ မိအေးပို ပြန်လာပါလျင် အခြေအနေ ထူးလေမလား။ အတူနေ သားနှင့်ချွေးမအလစ်မှာ မိအေးပို ပြန်လာရင်ပြောမယ့်စကားကို သိချင်လှပြီ။ “”မနက် […]
ချစ်လျှက်ခွဲခွါ
” ချစ်လျှက်ခွဲခွါ “(စ/ဆုံး) ——————- ” ဒေါ်ပွင့်နီ ” သဘောကောင်း၍ ရက်ရောသော၊ ဖော်ရွေသော ဒေါ်ပွင့်နီကို လူတိုင်းချစ်ကြလေသည်။ဒေါ်ပွင့်နီ၏ သနားတတ်မှု၊စေတနာကောင်းမှုတို့သည် ဒေါ်ပွင့်နီတို့ရွာ၌ ပြောစမှတ်တွင်ရလေသည်။ ငယ်ရွယ်စဉ်ကတည်းက ခင်ပွန်းကွယ်လွန်ရှာခဲ့သူ ဒါ်ပွင့်နီသည် သားသမီးသုံးယောက်အား မျက်နှာမငယ်ရအောင်ရှာဖွေကျွေးမွေးခဲ့လေသည်။သားသမီးသုံးယောက်ထဲမှ […]
သမီးရဲ့ဦး
**သမီးရဲ့ဦး***(စ/ဆုံး) ——————— ခုတလော Fri requestတွေ လာအပ်တာ သတိထားမိတာကြာပြီ။ ငယ်ငယ်ချောချော လေးတွေပါလား လက်ခံပေးလိုက်ပါမယ်လေ တကယ်တော့ မအေးမေနဲ့ လူလွတ်ကိစ္စ ဖြစ်ပြီးကတည်းက မိုးတိမ်ယံ ဘဝက ကျွတ်ခဲ့တာကြာပါပြီ။ ကိုလှဘူး DBVကြည့် ခေတ်သစ်ကြည့် […]
သေကံမရောက်
“သေကံမရောက်”(စ/ဆုံး) ——————— လူ့လောကကြီးထဲမှာ နေထိုင်ရစဥ်တလျှောက်လုံး ၊ သေဖို့အကြောင်းအရာများဖြစ်ခဲ့ပေမဲ့ သူ့အချိန်မကျသေးလို့ ၊ တနည်းအားဖြင့်သေဖို့အချိန်မကျရောက်သေးလို့ လွတ်မြောက်လာရတဲ့အကြောင်းအရာများကိုပြောပြချင်ပါတယ်၊ ကျွန်မ ၅ နှစ်သမီးအရွယ်လောက်တုန်းကဖေဖေတာဝန်ကျရာ ကသာမြို့မှာနေထိုင်ကြစဥ်ကအဖြစ်အပျက်လေးပါ၊ ကျွန်မနဲ့ညီမလေးဖြူဖြူတို့အိမ်ရှေ့မှာဆော့ကစားနေကြစဥ် ၊ ဖေဖေကအပြင်ကပြန်လာပြီး ကျွန်မတို့ညီအမနှစ်ယောက်ကိုသူ သကြားလုံးဝယ်လာလို့စားဖို့ပေးလိုက်ပါတယ်၊ အဲဒီတုန်းကသကြားလုံးကခုခေတ်လိုလှလှပပထုတ်ပိုးထားတဲ့ပုံစံမျိုးမဟုတ်ဘဲ […]
မထားရက်ခဲ့သော်လည်း
“မထားရက်ခဲ့သော်လည်း”(စ/ဆုံး) —————————- ကျွန်မဘယ်ရောက်နေတာလည်း၊ ကျွန်မမျက်လုံးဖွင့်ကြည့်လိုက်တော့အမှောင်ထုကဖုံးလွှမ်းနေတယ်၊ မှောင်မှောင်မည်းမည်းထဲမှာကျွန်မလမ်းလျှောက်နေတာလား၊ ခန္ဓာကိုယ်ကပေါ့ပါးနေတယ် ၊ ခုနကမောနေတာတွေ၊ အားနည်းလို့အသက်ရှုမဝတာတွေမဖြစ်တော့ဘူး၊ နေလို့ကောင်းလိုက်တာ၊ အသက်ရှုလို့ကောင်းနေတာနဲ့ ကျွန်မအကြောင်းပြန်တွေးလိုက်တော့ ၊ သတိရပြီ ၊ ကျွန်မနံမည်က မော်မော် ပါ၊ ရင်းနှီးတဲ့သူငယ်ချင်းတွေကတော့ မော်လေး […]
အပြစ်ရှိသူ
အပြစ်ရှိသူ(စ/ဆုံး) ————- “မောင် မအိပ်သေးဘူးလားဟင်” တီဗီထိုင်ကြည့်နေသော ယောက်ျားဖြစ်သူကို ဇနီးသည်က မေးလိုက်ခြင်းဖြစ်သည်။ ယောက်ျားက တီဗီကို ပိတ်လိုက်ပြီး “မောင် သွားတိုက်ပြီးတော့ လာခဲ့မယ်” ဟုပြောကာ ရေချိုးခန်းထဲဝင်သွားသည်။ ခဏအကြာတွင် အိပ်ခန်း ထဲရောက်လာပြီး မီးမှိတ်သွားသည်။ […]
ငမိုးနဲ့ အိုး
ငမိုးနဲ့ အိုး (စ/ဆုံး) —————– အလို….ရွာလယ်လမ်းမကြီးတစ်ခုလုံး တယ်လဲ စည်ကားနေလိုက်ပါလား ၊ အရပ်ကတို့… ။ ကြည့်စမ်းပဦး၊ ရေပက်တဲ့ ကလေးလူကြီးကလဲ ရွာရှိလူကုန်လား အောက်မေ့ရတယ် ။ ဒီနေ့က အတက်နေ့ ၊ နောက်ဆုံးနေ့ဆိုတော့ […]